Posts

Android Brute Force

Image
 Modern Android Phone  တွေမှာ Password, Pin ရဖို့ ဘာလို့ခက်ခဲလာတာလဲ ????? Android CPU  မှာ Trusted Execution Environ- ment (TEE) လို့ခေါ်တဲ့ အစိတ်အပိုင်းတစ်ခုပါ၀င်ပါတယ်။ TEE ထဲမှာ Unique ID key လို့ခေါ်တဲ့ (UID) Key ( UID Key ကဖုန်းတစ်လုံးစီအတွက် UID Key တစ်ခုပါရှိပါတယ်။ UID key ကို Extract လုပ်တာ။ Read လုပ်တာလုပ်လို့မရပါ။) ‌ဒါ့အပြင် TEE ထဲမှာနောက်ထပ်ပါ၀င်တာက  Key Encryption Key (KEK) ဖြစ်ပါတယ်။  ဖုန်းတစ်လုံးကို User ကနေ Password/Pin ရိုက်လိုက်တဲ့အချိန်မှာ TEE ထံရောက်ပြီး TEE ကနေ  { User Password + UID +  Salt (Random key)} ကို Key Derivation Function (KDF) ဆိုတဲ့ Cryptograpic Algorithm ကိုသုံးပြီး Encrypted ပြုလုပ်လိုက်ပါတယ်။ ပြုလုပ်လိုက်တဲ့ Encrypted Key ကို Key Encryption Key (KEK) လို့ခေါ်ပါတယ်။                                                      KEK =  KDF (UID, Password, Salt) Data Encryp...

EZ Tools Manual Update (2025)

Image
Commercial Computer Forensics Tools တွေရဲ့နောက်မှာအဓိက  လုပ်ပေးနေတဲ့ Open Source Computer Forensics Tools တစ်ခု။ Commercial ဘက်မှာတော့ အသုံးပြုတဲ့ Law Enforcement, CERT တွေ လွယ်အောင် One Click Button အနေနဲ့အလုပ်လုပ်ပေးပါတယ်။ Eric Zimmerman က FBI အလုပ်လုပ်နေစဉ် EZ Tools ကိုဖန်တီးခဲ့ပြီး လက်ရှိမှာ SANS Instructor တစ်ဦးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ 2 ရက်လောက်က 2025  Update အ‌နေနဲ့အရင် Manual Book ရဲ့ Update ထွက်လာပါတယ်။ Window Forensic, Incident Response, Threat Hunting မှာ အဓိက Artifacts တွေကို အဖြေထုတ်ပေးတဲ့  AmcacheParser, AppCompatCacheParser, MFTECmd, JLECmd, LECmd, Registry Explorer, Timeline Explorer, Etc... အကြောင်းကို CLI , GUI အနေနဲ့ ရှင်းပြထားပါတယ်။ Download Here  https://leanpub.com/eztoolsmanuals 2022 တုန်းက EZ Tools မှာ ပါ၀င်တဲ့ Tools တွေအကြောင်း Window Forensic With EZ Tools ဆိုပြီး ကျွန်တော် မြန်မာလိုရေးထားသည့် PDF  Download Here https://archive.org/details/window-forensics-with-ez-tools-1-2-aung-zaw-myo

IOS Brute Force

Image
Iphone တွေမှာ Password Brute Force Speed နှေးပြီး Nand Chip ကို ခွာရုံနဲ့ဘာလို့  Data မရနိုင်တာလဲ။  SEP ဆိုတာ Apple က iPhone 5s (A7 chip, 2013) မှ စတင်အသုံးပြုတဲ့  dedicated coprocessor ဖြစ်ပါတယ်။ SEP ရဲ့အရှည်ကောက်က Secure Enclave Processor ဖြစ်ပါတယ်။ Main CPU (iOS) နဲ့ ခွဲပြီး သီးခြား operating system (sepOS) အနေနဲ့ အလုပ်လုပ်ပါတယ်။ အဓိကလုပ်ဆောင်ချက်တွေကတော့ – Passcode ကို စစ်ဆေးပေးတာ။ Encryption / Decryption Key၊, Touch ID / Face ID data,  Apple Pay, Keychain တွေကို သိမ်းဆည်းတာတွေ လုပ်ဆောင်ပါတယ်။  SEP ကဘယ်လို brute-force attack ကို နှေးစေတာလဲ ? UID Key Binding iphone တိုင်းမှာ စက်ရုံကနေထုတ်ပေးကတည်းက ထည့်ပေးထားတဲ့ System On Chip (SoC) မှာပါတဲ့  unique hardware key (UID) နဲ့ User Passcode ကို ပေါင်းစပ်ပြီး data ကို  encrypt လုပ်ထားပါတယ်။ အဲဒီ UID Key ကိုSEP ထဲမှာပဲသိမ်းဆည်း ထားပါတယ်။ User ရိုက်ထည့်တဲ့ Passcode ကို SEP ထဲမှာပဲ စစ်ဆေးပါတယ်။ Iphone Storage ကို Encrypted လုပ်ထားတာကလဲ  UID + User Password ဖြစ်ပါတယ်။ Wrong Passcode ရိုက်ရင် Delay Attemp ...

Mobile Forensic Challenge (Android-16)

Image
January လောက်က Android 16 မှာပါလာမဲ့ Security Features တွေကိုရေးခဲ့ဖူးပါတယ်။ June 10 ရက်နေ့မှာတော့ Google ကနေ Android 16 မှာပါမဲ့ Security Features တွေကို တရား၀င်ထုတ်ပြန်လာတဲ့အတွက် ကျန်တဲ့ Security Features တွေထက် Android 16 မှာကြုံလာနိုင်တဲ့ Anti-Forensics အကြောင်းကိုပဲ အရင်ရေးထားတဲ့ Post မှာထပ်ဖြည့်လိုက်ပါတယ်။  Android 16 မှာပါလာတဲ့ Security Features ဖြစ်တဲ့ Advanced Protection Mode ကတော့ Apple IOS Lock Down Mode နဲ့ဆင်ပါတယ်။ Theft Prevention    Google Pixel (Android 15) & Samsung Galaxy (One UI 7) ဖုန်းတွေမှာ Theft Prevention အနေနဲ့ ကိုယ်သတ်မှတ်ထားတဲ့နေရာ မဟုတ်ရင် ဖုန်းရဲ့ Pin Password သိရင်တောင် Phone မှာ ကိုယ် Private လုပ်ထားတဲ့ Data တွေကို Access လုပ်ခွင့်မရနိုင်တော့ဘူးလို့ Google က ကြေငြာထားပါတယ်။ Private Data Location ကတော့ Google Pixel မှာ Private Space ဖြစ်ပြီး Samsung မှာဆိုရင် Secure Folder ဖြစ်ပါတယ်။    ဥပမာ အိမ် နဲ့ ရုံးနေရာကိုပဲ Secure Location အနေနဲ့ ထားမယ်ဆိုရင် အိမ် နဲ့ ရုံးကြားမှာ Phone ကတစ်ခုခုဖြစ်ရင် Private Data အတွက် Pin, Password အပြင...

SSD Structure & Forensics [Second Edition] PDF

Image
  Download From Archive

Understanding TRIM, DZAT, and DRAT: Hidden Dangers for SSD Forensics

Image
Window 7 ကနေစပြီးတော့  PC တွေမှာ  SSD အသုံးပြုထားရင် Trim က Default အနေနဲ့  On ပါတယ်။ Window 10/11 မှာတော့ အချို့သော Driver Issues ရှိတဲ့ SSD/ NvMe တွေကလွဲရင် Default အနေနဲ့ Trim Enable/  ဖြစ်ပါတယ်။ ပြီးရင် Automatically TRIM လုပ်ပါတယ်။ Trim Enable ဖြစ်/မဖြစ်ကိုတော့   CMD Or Power Shell   မှာ  fsutil behavior query DisableDeleteNotify  ဆိုတဲ့ Command နဲ့စစ်နိုင်ပါတယ်။ (0 = enable, 1 = disable) Trim ကို Default အနေနဲ့ Window တွေမှာ On ပေးထားတာက SSD Performance  ပိုမိုကောင်းစေဖို့ဖြစ်ပါတယ်။ HDD တွေနဲ့မတူညီတဲ့အချက် SSD တွေမှာ Data Write လုပ်မယ်ဆိုရင် HDD လို Overwrite လုပ်လို့မရပဲ အရင်ဆုံ Data Write မဲ့ Block/Page ကို Erase ပြုလုပ်ရပါတယ်။  ဒါပေမဲ့ SSD Controller က Trim အသုံးမပြုနိုင်တဲ့ Controller ဖြစ်နေခဲ့ရင်၊ Internal / External အနေနဲ့သုံးထားတဲ့ SSD မှာ Driver Issues ရှိနေခဲ့ရင်၊ NTFS/ReFS File System အနေနဲ့မဟုတ်ပဲ ကျန်တဲ့ FAT32 File System, Etc... အနေနဲ့အသုံးပြုထားရင် Trim ကမှန်မှန်ကန်ကန် အလုပ်လုပ်မှာမဟုတ်ပါဘူး။ File တစ်ခုကိုဖျက်လိုက်ရ...

Breaking into the Ecosystem - How One Weak Link Can Unlock a Secure Device (Myanmar Translation)

          Digital Forensics Examiner  တစ်ယောက်ဆီကို နောက်ဆုံးပေါ်  Iphone တစ်လုံးရောက်လာတယ်၊ လောလောလတ်လတ်ထွက်လာတဲ့ဖုန်းဖြစ်တာကြောင့် checkm8 အားနည်းချက်ကလဲ အလုပ်မလုပ်နိုင်၊ USB Port ကလဲ Protect လုပ်ထားတဲ့အနေအထား၊ ရောက်လာတဲ့ ဖုန်းကလဲ  Phone Storage ကို Encrypted လုပ်ထားတယ်။  Unknown Passcode  ဖြစ်နေတဲ့အနေအထားပါ။ Unlock လုပ်ဖို့အတွက် Mobile Forensics Software တွေက Support မပေးတဲ့ Unlock လုပ်လို့မရတဲ့အခြေအနေဖြစ်နေပါတယ်။  ဒီလိုအနေအထားမျိုးဖြစ်နေရင် Unlock လုပ်ဖို့ဘယ်လိုနည်း လမ်းတွေရှိနိုင်မလဲ၊ မရနိုင်တဲ့ အခြေအနေအဖြစ် လမ်းဆုံးပြီလား။           ဖုန်းတစ်လုံးကို မည်သည့် Electronic ပစ္စည်းနဲ့မှမချိတ်ဆက်ပဲ သီးသန့်အသုံးပြုတဲ့ သူတွေရှိသလို အခြား Electronic Device တွေနဲ့ချိတ်ဆက်ပြီး အသုံးပြုတဲ့သူတွေလဲရှိပါတယ်။ ချိတ်ဆက်အသုံးပြုရင် ချိတ်ဆက်အသုံးပြုတဲ့ Electronic Device တွေမှာ အားနည်းချက် ရှိနိုင်ပါတယ်။  Collecting Low Hanging Fruits           L ow-Hanging Fruit ဆိုတာ...

Deleted Media Files in Android Phone

Image
  Deleted Media Files in Android Phone  Android Phone ထဲကနေ Media File တွေဖျက်လိုက်ရင် ပထမဆုံးဘယ်နေရာကို ရောက်သွားလဲ       Android Version 9 ကနေစပြီးတော့ ဖျက်ပြီးသား Photo & Video File တွေကို မတော်တဆ ဖျက်မိရင်ပြန်ယူဖို့ Trash (Computer ဆိုရင် Recycle Bin ) ပါလာပါတယ်။ Android Trash မှာတော့ ရက် 30 အတွင်းဖျက်ထားတဲ့ Media File တွေကို Trash ထဲမှာပြန်ရှာပြီး Restore လုပ်နိုင်ပါတယ်။ ဖျက်လိုက်တဲ့ Media Files တွေကို Trash ထဲမှာပဲ  Permanently အပြီးဖျက်မလား။ Restore လုပ်မလားပြန်ရွေးနိုင်ပါတယ်။  Media File ကို Android Phone ကနေဖျက်လိုက်ရင် Media File ရဲ့ Location & File Name ကပြောင်းသွားပါတယ်။ ဘယ်နေရာရောက်သွားလဲဆိုရင်ဖျက်လိုက်တဲ့ Media File က ‌Phone ရဲ့ အောက်မှာပြထားတဲ့ Location နေရာကိုရောက်သွားပါတယ်။  (Trash Location က Android Phone Model အပေါ်မူတည်ပြီးနေရာပြောင်းနိုင်ပါတယ်။) data\media\0\Android\data\com.sec.android.gallery3d\files\.Trash ဖျက်လိုက်တဲ့ File ရဲ့ File Name & Metadata Information တွေက အောက်မှာပြထားတဲ့ Database မှာသွားပြီးသိမ်း...

Low Budget, High Impact Digital Forensics Investigation

ယခု  PDF သည်  Digital Forensics  ကိုစိတ်ပါဝင်စားသည့် လူတစ်ဉီးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းများက Digital Forensics Lab  တစ်ခုကို ကုန်ကျစာရိတ် သက်သာ စွာဖြင့် တည်ထောင်လုပ်ကိုင်နိုင်ရန်အတွက် Reference ပြုလုပ်နိုင်ရန်ဖြစ်ပါသည်။ တစ်ခုချင်းစီကို ဘယ်လိုအသုံးပြုရမလဲဆိုတာကိုမဖော်ပြထားပါ။   Low Budget, High Impact Digital Forensics Investigation

Mobile Forensics (Note - 2)

Image
     ကျွန်တော်တို့ Phone ကို Analysis လုပ်ရင် အများဆုံးလုပ်တာက Call logs, SMS, Photo, Video, Social Media  Contents, Social Media Message  စသည်ဖြင့် ဒါတွေပဲများမယ်ထင်ပါတယ်။ လူတိုင်းအလိုချင်ဆုံးကတော့ Deleted Call Logs, Deleted SMS, Deleted Social Media Message နဲ့ Deleted Photo & Video   ဖြစ်မှာပါ။ Deleted Call Logs, Deleted SMS, Deleted Social Media Message နဲ့ Deleted Photo & Video က Note (1) မှာရေးခဲ့တဲ့  Phone Model, Phone Specification အပေါ်မူတည်ပြီး ရယူနိုင်တဲ့ Data  ပမာဏ  မတူညီနိုင်ပါ။  ပြီးရင် ဖုန်းထဲက  ပုံတွေစာတွေလိုပဲ အရေးကြီးတာက System Artifacts တွေဖြစ်ပါတယ်။ အခုစာရေးသားနေတဲ့အချိန်မှာ Android 14 ကို Android ဖုန်းတော်တော်များများက အသုံးပြုနေကြပါပြီ။ အချို့ဖုန်းတွေကတော့ Android 13  ဖြစ်မှာပါ။ Android Phone ကိုမှ Xiaomi ဆိုရင် Android OS ကိုမှ MIUI , Samsung ဆိုရင် Knox/ One UI , Huwaei ဆိုရင် Harmony OS.  ပိုပြီးပြည့်စုံအောင် အောက်မှာ ဇယားလေးထည့်ထားပါတယ်။      IOS ကတော့ အရှင်းဆုံးဖြစ်ပါတ...