Mobile Sim Swap Attack
တွေကိုပြောပြခြင်း
တွေကိုပြောပြခြင်း
=========
မြန်မာနိုင်ငံမှာ ဖြစ်ပွားတာ အနည်းငယ်သာရှိခဲ့ပေမဲ့ အခုတလောမှာ ပြည်ပနိုင်ငံအချို့မှာ ပြန်လည်အသုံးချလာပါတယ်ပထမဦးစွာလူတစ်ဦးတစ်ယောက်ရဲ့ အချက်အလက် နဲ့ ကိုင်ဆောင်တဲ့ ဖုန်းနံပတ် ကို စုံစမ်းပါတယ်..ဒီဖုန်းနံပတ်ကိုအသုံးပြုပြီး ဘာတွေကို Account ဖွင့်ထားတယ် စတဲ့အချက်အလက်တွေကို စုံစမ်းတာဖြစ်ပါတယ်..
ဥပမာ Social Media Account တစ်ခုကို Password Reset လုပ်တဲ့အခါမှာ Social Media Website ကနေ ဖုန်းနဲ့ပတ်ရဲ့နောက်ဆုံး ၂ လုံးကိုဖော်ပြပြီး ယခုဖုန်းနံပတ်ကို Code ပို့မလားမေးပါတယ် ဒါဆိုရင် ဖုန်းနံပတ် ၂ ခုရှိတယ်ဆိုရင်တောင်မှ ဘယ်အကောင့်ကို ဘာဖုန်းနဲ့ အသုံးပြုထားတယ်ဆိုတာခန့်မှန်းလို့ရနိုင်ပါတယ်...
စုံစမ်းပြီးတာနဲ့ သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာထံမှာစုံစမ်းလို့ရတဲ့ အချက်အလက်ကိုတင်ပြပြီး ဖုန်းကဒ်ပျက်စီးတယ် ဒါမှမဟုတ် ဖုန်းကဒ်ပျောက်ဆုံးတယ်ဆိုပြီး မူရင်းနံပတ်အတိုင်း နောက်ထပ်ကဒ်အသစ်တစ်ခုကိုလျှောက်ထားတာဖြစ်ပါတယ်.. အချက်အလက်တွေကို အသေးစိတ်စုံစမ်းထားတာဖြစ်လို့ .. အချက်အလက်အတုပြုလုပ်ကာ ရယူနိုင်ပါတယ် .. ဥပမာ မှတ်ပုံတင်အတုပြုလုပ်ခြင်း
( မှတ်ပုံတင်မိတ္တူပဲပေးရတာဖြစ်ပါတယ်) ပြီးရင် ခေါ်ဆိုမှုများတဲ့ဖုန်းနံပတ်တွေကိုပြောပြခြင်း ငွေဖြည့်တဲ့ Ammountတွေကိုပြောပြခြင်း
ကဒ်အသစ်ရတဲ့အခါ မူရင်းကိုင်ဆောင်တဲ့သူရဲ့ ဖုန်းကဒ်ကသုံးမရဖြစ်သွားပြီး မူရင်းကိုင်ဆောင်သူလက်ရှိနံပတ်နဲ့ ပြုလုပ်ထားတဲ့အချို့ အကောင့်တွေရဲ့Two StepVerification ခံထားတာတွေ Social Media Account, Banking စတဲ့အချက်အလက်တွေကို မသမာသူက ရယူသွားနိုင်ပါတယ်...
လိမ်လည်မှုတွေအကျပ်ကိုင်ငွေတောင်းယူမှုတွေဖြစ်နိုင်ပါတယ် ...လိမ်မဲ့သူရဲ့ အချက်အလက်တွေကို စုံစမ်းထာပြီးဖြစ်တာကြောင့် အဆိုပါလူ မအားနိုင်တဲ့အချိန် မှာ အများဆုံးပြုလုပ်တတ်ပါတယ်...
ကာကွယ်ရန်နည်းလမ်းများ
Personal ဆိုင်ရာအချက်အလက်တွေ ကို Social Media
ပေါ်မှာဖော်ပြခြင်း ဥပမာ မှတ်ပုံတင်နံပတ် မွေးသက္ကရာဇ်
အများသိရှိနိုင်တဲ့ဖုန်းနံပတ်နဲ့ အရေးကြီးသော Account များကို
ပြုလုပ်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကျဉ်ခြင်း
#ThirdEye
#Simswap
Comments