Cyber Enable Crime and Cyber Dependent Crime
Electronic Crime, E-Crime, Technology Enable Crime Hi-Tech Crime ,Computer Crime, Computer Related Crime, Cyber Space Crime ဘယ်လိုပဲခေါင်းစဉ်သည်ဆိုပါစေ .. ဒါတွေနဲ့  ပတ်သက်ဆက်နွယ်နေတာတွေက မှုခင်းအမြင်တစ်ခုနဲ့ တင်ကြည့်ရှုလို့မရနိုင်ပါဘူး ဥပဒေရေးရာ လူတွေရဲ့ စိတ်နေသဘောထားနဲ့ပတ်သတ်တာတွေ စီးပွားရေးနိုင်ငံရေးနဲ့ပတ်သတ်တာတွေကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်.Non Border ဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်. အရင်တုန်းက ဥပဒေအရ ယေဘူယျ ၃ မျိုးခွဲခြားထား ပါတယ် (နိုင်ငံအရ မတူနိုင်ပါ) Computer ကို တစ်စိတ်တစ်ဒေသအသုံးချပြီး ပြစ်မှုကျူးလွန်ခြင်း Computer ကိုကြားခံ အသုံးချပြီး ပြစ်မှုကျူးလွန်ခြင်း (ကြားခံ Computer မသိနိုင်တာလည်းရှိနိုင်ပါတယ်) Computer ကို အသုံးချပြီး ပြစ်မှုကျူးလွန်ခြင်း နောက်ထပ် ၂၀၀၆ ခုနှစ်မှာ Gordon နဲ့ Ford ခွဲခြားထားတာကတော့ Type 1 နည်းပညာကို ပုံမှန် သုံးစွဲနေကြအတိုင်းမဟုတ်ပဲ ပုံမှန်ထက်ပိုအသုံချကာ ပြစ်မှုကျူးလွန်ခြင်း Eg. Hacking Methods Type 2 နည်းပညာကို သုံးစွဲနေကြ ပုံမှန်အတိုင်း သုံးစွဲပြ...