Digital Forensics နှင့်ပတ်သတ်သော အမေးအဖြေများ (၂)

Digital Forensics နှင့်ပတ်သတ်သော အမေးအဖြေများ (၂)
Q: image တစ်ခုကို Hard Disk, CD , DVD , Etc ... စတဲ့နေရာများကိုရွှေ့ပြောင်းလိုက်ရင် အချက်အလက် Metadata တွေပြောင်းလဲနိုင်လား ?
A: image တစ်ခုကို Hard Disk, CD , DVD , Etc ... စတဲ့နေရာများကိုရွှေ့ပြောင်းလိုက်ရင် Time နဲ့ပတ်သတ်တဲ့ အချက်အလက်တွေပြောင်းလဲပါသွားပါတယ်။ ကျန်တဲ့ အချက်အလက်တွေကတော့ image ရဲ့ File Type အပေါ်မူတည်ပါတယ်။
Q: Phone Camera Or Camera က ဓာတ်ပုံတွေရဲ့ Metadata ကို ပြောင်းလဲနိုင်သလား ?
A: ဖျက်လို့ရသလို ပြင်ဆင်လို့လဲရပါတယ်။
Q: ပြောင်းရွှေ့လိုက်တဲ့ photo ကို Original လို့ယူဆနိုင်သလား ?
A: Digitally အရမပြောင်းလဲဘူးဆိုရင် Original လို့ယူဆနိုင်ပါတယ်။
Q: Phone (သို့မဟုတ်) ကွန်ပျူတာထဲမှာ ရှိတဲ့ အချက်အလက်တွေက အခြားနေရာမှာရောရှိနိုင်သလား
A: အခြားနေရာများမှာလဲ သုံးတဲ့လူအပေါ် သုံးစွဲတဲ့သူရဲ့ Knowledge အရ၊ အခြားသော အခြေအနေများအရ ရှိနေနိုင်ပါတယ်။
Q:Flash Drive တစ်ခုကို စစ်ဆေးရန် Forensically Sound ပြုလုပ်ရင် Flash Drive ထဲမှာရှိတဲ့ File တွေရဲ့ အချက်အလက်တွေ Metadata တွေပြောင်းလဲနိုင်သလား ?
A: Flash Drive ထဲမှာရှိတဲ့ File တွေရဲ့ အချက်အလက်တွေ Metadata တွေက Forensically Sound ပြုလုပ်လိုက်ရင် အထဲမှာရှိတဲ့ အချက်အလက်တွေလုံးဝပြောင်းလဲမသွားပါ။ Forensics Image File ရဲ့ အချက်အလက်ကိုလဲ စစ်ဆေးတဲ့ Process ထဲမှာထည့်သွင်းထားဲပြီးဖြစ်ပါတယ်။

Comments

Popular posts from this blog

NTFS Index Attributes

Mobile Forensics (Note-1)

B-Trees (NTFS)