Digital Forensics ရဲ့ရွှေခေတ်က ကုန်ဆုံးတော့မှာလား
Solid State drives (SSD) တွေပေါ်လာခြင်းက ယခင်အသုံးပြုနေကြ Hard Disk တွေကို Forensics ပြုလုပ်တာထက် ပိုမိုခက်ခဲစေပါတယ်။ SSD ရဲ့ SSD Self-Corrosion ( Garbage collection ),TRIM , Wear leveling တို့ကြောင့်ဖြစ်ပါတယ်။ ဒီအကြောင်းတွေက SSD အကြောင်းရေးတုန်းက ဖော်ပြပြီးသားဖြစ်ပါတယ်။ Forensics ပြုလုပ်ဖို့လက်ဝင်လာတာကြောင့် အထောက်အကူပြုတဲ့ ပစ္စည်းတွေကရှားပါးသလို ဈေးလဲကြီးပါတယ်။ ဒါကြောင့် Human + Technology ကိုပေါင်းစပ်အသုံးပြုလာကြပါတယ်။ Human ဆိုတဲ့နေရာမှာ သွားရောက်သိမ်းဆည်းတဲ့သူတွေကိုဆိုလိုတာဖြစ်ပါတယ်။ SSD တွေကိုတော်တော်များများအသုံးပြုလာတာကြောင့် ပိုမိုဂရုစိုက်ရမှာဖြစ်ပါတယ်။ နိုင်ငံတစ်ကာ Report တွေမှာလဲ မြန်မာနိုင်ငံဟာ Digital Device တွေကို မှုခင်းနေရာမှာ သိမ်းဆည်းတဲ့နေရာမှာ သိမ်းဆည်းသူတွေကို လေ့ကျင့်သင်ကြားတဲ့နေရာမှာ ဆိုးဆိုးရွားရွား Report တွေပါနေပါတယ်။ စတင်သိမ်းတဲ့သူ စနစ်မကျရင် ကမ္ဘာပတ်ပြီး စစ်ဆေးခိုင်းရင်တောင် အဆင်မပြေတော့ပါ။
ForensicsMyanmar
Comments