ရိုက်တာသတင်းထောက် 2 ယောက်ရဲ့ ဖုန်းတွေကို သိမ်းဆည်းသောအခါမှာ ပထမဆုံး အားနည်းချက်ကတော့ First Responder Guide လို့ခေါ်တဲ့ Digital ပစ္စည်းတွေကို သိမ်းဆည်းတဲ့အခါမှာ လိုက်နာရမည့်အချက်တွေမှာ အားနည်းခဲ့ပါတယ်။ ဖုန်းကို Radio Frequency Shield ဖြစ်မဲ့အိတ် (Phone Line,Internet, Wifi, Bluetooth တို့ကိုကာကွယ်သည့်အိတ်) ထဲကို ထည့်ပြီး မသိမ်းဆည်းတဲ့အတွက် ဖမ်းဆည်း သိမ်းဆည်းပြီးအချိန်နောက်ပိုင်းမှာ "OK " ဆိုတဲ့ စာလုံးက WhatApp မှာ သွားပေါ်ပါတယ်။ သက်သေခံသွင်းတဲ့နေရာမှာ မဆိုင်ပဲစကားအများကြီးပြောရပါသည်။ တစ်ကယ်တန်း သိမ်းဆည်းချိန်မှာ "OK" ရိုက်နေတုန်း ဖုန်းကိုသိမ်းလိုက်တာဖြစ်နိုင်ပါတယ်။ Send မဖြစ်ဖူးပေါ့။ နောက်ပိုင်းမှ တစ်ခုခုနဲထိခိုက်မိပြီး အင်တာနက် ပွင့်သွားတဲ့အချိန်မှာ တစ်ဖက်ကို Send ဖြစ်သွားတာဖြစ်နိုင်ပါတယ်။ သိမ်းဆည်းရာမှာ အားနည်းချက်ဖြစ်တဲ့ အတွက် သိမ်းဆည်းသူကိုအပြစ်တင်လို့မရပါ။ လက်ရှိတည်ဆဲ Cyber Law , Electronic Law တွေမှာ တိကျတဲ့ လုပ်ထုံးလုပ်နည်းနည်းဥပဒေ မရှိပါ။ အခုဖြစ်ရပ်ဖြစ်တဲ့ 2018 အချိန်အထိ တိုးတက်လာတဲ့ နည်းပညာတွေနဲ့လိုက်ပြီး ဥပဒေကို ပြင်ဆင်တာတွေ နည်းဥပဒေ ရေးဆွဲတာတွေမရှိပါ။ ဥပ...