eCDFP (Data Representation & File Examination) (Part-4)
JPEG Analysis
JPEG (Joint Photographic Experts Group) က အခြားသော File Type Format တွေလိုပဲ သတ်မှတ်ထားတဲ့ Structure (Header, Metadata, footer) ရှိပါတယ်။ JPEG အပြင် JPG,jpg,jfif စတဲ့ Extension တွေလဲရှိပါတယ်။ JFIF,TIFF,EXIF တို့က JPEG နဲ့ File Format မတူညီပေမဲ့ Compression နဲ့ Encoding တို့မှာ JPEG ရဲ့ Algorithm ကိုပဲ အသုံးပြုထားပါတယ်။ JPEG File အစက FF D8 နဲ့စပါတယ်။ Section တွေပါဝင်ပြီး FF က Section အသစ်တစ်ခုဖြစ်ကြောင်း ပြသပါတယ်။ တစ်ခါတစ်ရံ JPEG က FF D8 နဲ့မစပဲ FF EO, FF E1 တို့နဲ့စပါတယ်။ File Header ထဲမှာ Investigator အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ Software Signature, Date , Camera နဲ့ OS လိုမျိုး စတဲ့ အချက်အလက်တွေ အများကြီး ပါဝင်ပါတယ်။
ဥပမာ အနေနဲ့ FF D8 FF E0 Signature ကို Header မှာတွေ့ရပြီး JFIF Type ဖြစ်တာကိုတွေ့ရပါတယ်။
ပြီးရင် Photoshop Signature ကိုပါတွေ့ရတဲ့အတွက် Photoshop ထဲမှာထည့်ပြင်ထားတာကိုတွေ့ရပါမယ်။
(Facebook, Instagram လိုမျိုး Social Media တွေနဲ့ အချို့သော Website များမှာ Metadata ကိုတွေ့ရမှာမဟုတ်ပါဘူး။ EXIF Information ဖျက်တဲ့ PC/Phone App တွေ ယခုအချိန် လဲများစွာပေါ်နေပါပြီ။EXIF Data ကိုကြည့်ဖို့ OSINT LINK တွေလဲ Vlog မှာဖော်ပြပြီးဖြစ်ပါတယ်။ )
JPEG File တွေက နောက်ဆုံးမှာ FF D9 String နဲ့အဆုံးသတ်တာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီ Field တွေကို Hex Editior နဲ့ အလွယ်တစ်ကူပြင်ဆင်လို့ရတယ်ဆိုတာကို သတိထားရမှာဖြစ်ပါတယ်။
PDF Analysis
PDF Header က 25 50 44 46 ဖြစ်ပါတယ်။ 2D 31 2E 35 ကတော့ PDF Version ဖြစ်ပါတယ်။ PDF ရဲ့ BODY ထဲမှာတော့ (String, Image, Flash, Etc ..) စတာတွေပါဝင်ပါတယ်။ Different data Type တွေကို Object အဖြစ်ရည်ညွှန်းပါတယ်။ Body ဆိုတာကို Reader ကနေ User ကိုပြသတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ Object တွေကလဲ အခြားသော Object ကိုရည်ညွှန်းတာတွေလဲရှိပါတယ်။ Example – Website Link. Object Pointer တွေမှည Object Identifier နဲ့ Generator Number တွေပါဝင်ပါတယ်။ Object Body က Obj နဲ့ endobj ကြားထဲမှာရှိပါတယ်။
Xref Table ကတော့ PDF တစ်ခုလုံးမှာရှိတဲ့ Object တိုင်းကို Pointer အနေနဲ့ Point လုပ်ပေးပါတယ်။ PDF File တစ်ခုလုံးကို ကြည့်စရာမလိုပဲ PPDF အတွင်းမှာရှိတဲ့ Object တိုင်းကို Access လုပ်လို့ ကြည့်လို့ရအောင် လုပ်ပေးပါတယ်။
ပထမဆုံးလိုင်းက Table ထဲမှာရှိတဲ့ Entry အရည်အတွက်ကိုဖော်ပြထာဖြစ်ပါတယ်။ Number Of Entries = 19 ဖြစ်ပါတယ်။ 0 ကတော့ Object အစနံပတ်ဖြစ်ပါတယ်။ Object Start From 0
ဒုတိယလိုင်းမှာရှိတဲ့ 10 bytes က PDF Document ထဲမှာရှိတဲ့ Object ရဲ့ Offset ကိုညွှန်ပြတာဖြစ်ပါတယ်။ ကျန်တာတွေကတော့ Object Generation Number ဖြစ်ပါတယ်။ (F/N) ကတော့ Object က အသုံးပြုထားလား မသုံးထားလားဆိုတာကိုပြတာဖြစ်ပါတယ်။
Comments