eCDFP Module (5) File System Analysis (Part-2)
FAT File System တစ်ခုစီမှာ Cluster တွေဘယ်လောက်ရှိနိုင်လဲဆိုတာကို အောက် ဖော်ပြပါ Table မှာ မြင်တွေ့နိုင်ပါတယ်။ #RC ဆိုတာက Reserved Cluster ဖြစ်ပါတယ်။ FAT32 File System မှာ 28 Bits ပဲအသုံးပြုပါတယ်။ ကျန်တဲ့ 4 Bits က Reserved ဖြစ်ပါတယ်။ အခုအချိန်မှာ အများဆုံးအသုံးပြုတာက FAT 32 ဖြစ်ပါတယ်။ Volume Size အပေါ်မူတည်ပြီး FAT32 File System ရဲ့ Default Cluster Size တွေကို အောက်မှာ ဇယားနဲ့ပြသထားပါတယ်။ FAT FILE STRUCTURE အောက်မှာ ဖော်ပြထားတဲ့ပုံကတော့ Storage ပေါ်မှာမြင်ရတဲ့ FAT File System ရဲ့ High Leve View ပဲဖြစ်ပါတယ်။ Reserved Area Reserved Area မှာပါတဲ့ Sector Size (Sector အရေအတွက်) ကတော့ အသုံးပြုတဲ့ FAT File System ပေါ်ကိုမူတည်ပါတယ်။ FAT Area ကျန်တဲ့ FAT12 FAT 16 တွေမှာ FAT Area က တစ်ခုပဲပါဝင်ပေမဲ့ FAT 32 မှာဆိုရင် FAT1, FAT2 ဆိုပြီး FAT Area 2 ခုပါဝင်ပါတယ်။ အောက်ကပုံမှာ FAT1, FAT2 ကို မြင်သာအောင် Disk Editor နဲ့ပြသထားပါတယ်။ အောက်ကပုံမှာဖော်ပြထားတာကတော့ FAT12, FAT 16 ရဲ့...