Zone.Identifier Zone.idnetifier ကို Windows XP Service Pack 2 , Windows Server 2003 Service Pack 1 ကနေ စတင်ပြီးထည့်သွင်းခဲ့ပါတယ်။ Internet ကနေ Download ယူတဲ့ File တွေကို Safe ဖြစ်မဖြစ် Window ကနေ စစ်ဆေးနိုင်ဖို့အတွက်ဖြစ်ပါတယ်။ IE Browser မှာကနေ Download ယူတဲ့ File မှန်သမျှမှာ Zone.idnetifier Stream ပါဝင်ပါတယ်။ အခုအခါမှာတော့ Microsoft Edge, Google Chrome, Mozilla Firefox, Opera, Chromium စတဲ့ Browser တွေကနေ Download ယူတဲ့ File မှန်သမျှမှာ Zone.idnetifier ပါဝင်ပါတယ်။ Default URL Security Zones တွေရှိတဲ့အထဲကမှ Zone.idnetifier က Zone 3 ဖြစ်တဲ့ Internet Zone မှာပါဝင်ပါတယ်။ Zone 3 ဆိုတာကို $MFT အား MFT Browser နဲ့ဖွင့်တဲ့ပုံမှာ တွေ့နိုင်ပါတယ်။ Default URL Security Zones 1. Local Intranet Zone 2. Trusted Sites Zone 3. Internet Zone 4. Restricted Sites Zone 5. Local Machine Zone URL Security Zones Via Control Panel အခုပုံကတော့ NTFS Storage ကို dir/ r Command နဲ့ကြည့်တဲ့အခါမှာ မြင်တွေ့မည့် Zone.idnetifier တွေဖြစ်ပါတယ်။...