Apple iPhone Deleted Photo Problem

 IOS 17.5 update လုပ်ရင် ဖျက်ထားတဲ့ Photo တွေပြန်ပေါ်လာနိုင်သလား။ 7.5 တင်နိုင်တဲ့ အလုံးတိုင်းဖြစ်တာမဟုတ်ပဲ အချို့အလုံးတွေမှာသာဖြစ်တတ်ပါတယ်။

Thumbnail တွေပဲပြန်ပေါ်လာတယ်ဆိုရင် (အရင်ဓာတ်ပုံကိုမှ Size အသေးအနေနဲ့ပြန်ပေါ်လာရင်)

Click about Thumbnail Forensics 

iCloud အတွက် Storage ကို  Apple က Google Cloud ကိုအသုံးပြုထားပါတယ်။ iCloud မှာ ဖျက်ထားတဲ့ ပုံတွေ ပြန်ပေါ်လာတာဆိုရင် Delete လုပ်‌ပေမဲ့ တစ်ကယ်တန်း Cloud မှာ Delete မဖြစ်နိုင်တာ ဖြစ်နိုင်ပါတယ်။ User က Delete လုပ်ပေမဲ့ Connection ကြောင့် တစ်ကယ် Delete ဖြစ်မသွားတာ။ ဒါမှမဟုတ် Cloud Storage က တစ်ကယ်ဖျက်မပစ်ပဲ ရက် ၃၀ထက်ကျော်ပြီး (Recently Deleted Folder) ထဲကနေ  Recovery လုပ်လို့ရနေတာလား။ 🤔Google Errors? Apple Error?

Apple က Storage အတွက် NAND Flash ကို ကိုရီးယား ထိုင်၀မ် Company တွေကနေသီးသန့်မှာသုံးပါတယ်။ ၂၀၂၂ မှာတော့ တရုတ်ကနေ မှာယူအသုံးပြုမယ်လို သတင်းမှာသိရပါတယ်။ IPhone 14 ကနေစပြီး အသုံးပြုတယ်လို့ သတင်းမှာတွေ့ပါတယ်။ 

iPhone တွေမှာ Storage အတွက်သုံးတဲ့ NAND Flash) မှာ Hidden or Encrypted Partition အနေနဲ့  data တွေကို သိမ်ထားနိုင်သလား 🤔

Storage အတွက် NAND Flash တွေ ထုတ်တဲ့ဘက်ကလုပ်တာလား ဒါမှမဟုတ် ပေါင်းပြီးလုပ်တာလား

Forensics ဘက်နေကြည့်ရင် ဘာ Software မှ မသုံးပဲ ဓာတ်ပုံပြန်ရဖို့ အတွက် IOS 17.5 Update လုပ်လို့ရတဲ့ Device ဆိုရင် Update လုပ်လိုက်မှာလား။

iPhone 12 Pro Max Teardown လုပ်တဲ့အခါတွေ့ရတဲ့ ပုံပါ။ Storage အဖြစ် NAND 128 GB ကိုသုံးထားပါတယ်။ NAND Flash Storage က အခုတော်တော်များများသုံးနေကျတဲ့ SSD လိုပဲအလုပ်လုပ်ပါတယ်။

Read About SSD Structure and Forensics PDF



ဖျက်ပြီးသား ဓာတ်ပုံတွေပြန်ပေါ်နေတယ်အကြောင်းကတော့ Photo/Video ကိုဖျက်မယ်ဆိုပြီး User ကနေဖျက်ပေမဲ့ Photo သိမ်းထားတဲ့ Database မှာ အမှန်တစ်ကယ်သွားမဖျက်တဲ့အတွက်ဖြစ်ပါတယ်လို့ ဆိုပါတယ်။

User ကနေ Photo/ Video ရိုက်လိုက်မယ်ဆိုရင်

/private/var/mobile/ Media/DCIM/1**APPLE/

 ထဲမှာ JPG, HEIC, MP4, or MOV File Type အနေနဲ့သွားပြီးသိမ်းဆည်းပါတယ်။

Thumbnail Photo တွေကတော့ PreviewWellImage.tiff image အဖြစ် 

/private/var/mobile/Media/Photo Data/MISC/

 ထဲမှာသွားရောက်သိမ်းဆည်းပါတယ်။

Photos. SQLite Database File ကတော့ Image ကိုမသိမ်းဆည်းပဲ Image  နဲ့ သက်ဆိုင်တဲ့ အချက်အလက် Metadata တွေကိုပဲသိမ်းဆည်းထားတယ်လို့ဆိုပါတယ်။ Photo. SQLite Database File က IOS ထဲမှာ Size အများဆုံး Database File ဖြစ်ပါတယ်။ 


 IOS 14 ကနေစပြီး  Photos. SQLite ရဲ့ ZASSET Table ထဲမှာ Metadata တွေဖြစ်တဲ့ Photo/ Video ရိုက်ကူးပြီး သိမ်းတဲ့အချိန်။ File Name၊ Edit လုပ်တဲ့အချိန်နဲ့ EXIF Data တွေကိုသိမ်းဆည်းပါတယ်။

EXIF Data ဆိုတာက Image GPS location, Camera Name, Camera Setting စတာတွေဖြစ်ပါတယ်။

 Photo/ Video ရိုက်လိုက်တိုင်း ဖျက်လိုက်တိုင်းမှာ Photo. SQLite Database မှာသွားပြီး Update လုပ်ပါတယ်။ 

Photos. SQLite။ ကအမှန်တစ်ကယ်ပဲ Photo/ Videos တွေရဲ့ မူရင်ပုံကိုမသိမ်းပဲ  ပုံရဲ့ File Name၊ Created Time စတဲ့ အချက်အလက်‌တွေကိုပဲသိမ်းတယ်ထားပါတာ့ ။ 

ဒါဆိုရင် ပြန်ပေါ်လာတယ်ဆိုတဲ့ ပုံတွေက Encrypted Partition Or Hidden Partition ထဲမှာပဲသိမ်းထားသလား။ ရောက်နေတာလား။ iCloud ကနေ Storage အဖြစ်သုံးတဲ့ Google Cloud ကပဲ Error ဖြစ်တာလာဆိုတာ Apple ပဲသိနိုင်ပါတော့တယ်။

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

eCDFP (Module-6) (Window Forensics) (Part - 1 )