eCDFP (Module-6) (Window Forensics) (Part - 1 )
လက်ရှိအချိန်မှာ PC/Laptop သုံးစွဲတဲ့အထဲမှာ Window အသုံးပြုသူက ကမ္ဘာမှာ အများဆုံးဖြစ်ပါတယ်။ Operation System အနေနဲ့ကြည့်မယ်ဆိုရင် ဒုတိယအများဆုံးဖြစ်ပါတယ်၊ ပထမအများဆုံးကတော့ Android ဖြစ်ပါတယ်။ Window 1.0 ကနေ အခုနောက်ဆုံးထွက်တဲ့ Window 11 အထိမှာ လက်ရှိလူတွေ အများဆုံးအသုံးပြုတာကတော့ Window 10/ Window 11 ဖြစ်ပါတယ်။ Forensics Analysis လုပ်မယ်ဆိုရင် Window ကနေရနိုင်တဲ့ Artifact (2) မျိုးရှိပါတယ်။
(1) System Artifacts
(2) User Artifacts
System Artifacts ကတော့ Window Operation System ကနေရနိုင်တဲ့ Artifacts တွေဖြစ်ပါတယ်။
System Artifacts Example
Registry Artifacts
Event Logs
File System Artifacts (Master File Table)
Prefetch Files
Volume Shadow Copies
User Artifacts ကတော့ User အသုံးပြုတဲ့ Computer ပေါ်မှာ User ကနေအသုံးပြုတဲ့ Activity တွေဖြစ်ပါတယ်။ တစ်ကယ်တန်း Forensics Analysis လုပ်မယ်ဆိုရင် System Artifacts ကိုရော User Artifacts ကိုရော Analysis ပြုလုပ်ပါတယ်။
User Artifacts Example
UserAssist
LNK Files
Browser Artifacts
Recycle Bin
Recent File
Jump Lists
.LNK File (Shortcut) Analysis
What is .LNK File ?
According to Microsoft, a .lnk file, also known as a Shell Link or shortcut file, is a file that contains information used to access another data object, such as a file, folder, or application. These files are used to create shortcuts that allow users to quickly access the target item without navigating through the file system.
တစ်ခါတစ်လေမှာ မြန်မာလိုထက် English လိုကဖတ်ရတာပိုရှင်းပါတယ်။ .LNK File ဆိုတာက Computer မှာ တွေ့နေကျဖြစ်တဲ့ Shortcut File တွေဖြစ်ပြီး အဲဒီ Shortcut File တွေက .LNK Extension နဲ့ဖြစ်ပါတယ်။
Comments