SSD Structure & SSD Forensics Guide

 



SSD Bad Block 

    Hard Disk တွေမှာ Bad Sector ရှိသလို SSD တွေမှာလဲ Bad Block ဆိုတာရှိပါတယ်။ Bad Block ဆိုတာက  SSD တွေမှာ Data သိမ်းတဲ့ Block ထဲမှာရှိတဲ့ Page တွေပေါ်မှာ  1-0 တွေ Read Or Write လုပ်လို့မရတာဖြစ်ပါတယ်။ SSD တွေမှာ  Bad Block 2 မျိုးဖြစ်နိုင်ပါတယ်။ 

Initial_Bad_Block 

SSD တွေကိုစက်ရုံက စထုတ်လိုက်ကတည်းက Bad Block ပါလာတာမျိုးဖြစ်ပါတယ်။ ဒါမျိုးဆိုရင် စက်ရုံက QC Test မှာ စစ်ဆေးလို့တွေ့ရင် SSD ထဲမှာ User မမြင်နိုင်တဲ့ Spare Block အရေအတွက်နဲ့ နဲ့ယှဉ်ပြီး SSD ကို QC Passed ဖြစ်မဖြစ် စစ်ဆေးပါတယ်။ Spare Block အရေအတွက်က Bad Block ထက်များနေရင် Pass ပေါ့။ ဒါမှမဟုတ် လက်ခံနိုင်လောက်တဲ့ Bad Block အရေအတွက်ရှိရင် Pass။ 

Bad_Block_Overtime

    SSD ကိုသုံးနေရင်းကလဲ Good Block တွေက Damage ဖြစ်နိုင်ပါတယ်။ Bad Block တွေများလာရင် SSD Fail ဖြစ်လာနိုင်ပါတယ်။  ဒီလိုဖြစ်ရင် Block ထဲမှာရှိတဲ့ Data တွေကို Read လုပ်လို့မရတော့ပါဘူး။ သုံးနေရင်းနဲ့ Good Block တွေ Damage ဖြစ်နိုင်တဲ့အကြောင်းအရင်းတွေကတော့

Power Off During Read/Write Operation 

    SSD ထဲကို Data Read/Write လုပ်နေရင်း SSD က အကြောင်းအမျိုးမျိုးကြောင့် Power Off သွားရင်။ဒီ Concept က Hard Disk နဲ့တူပါတယ်။ Hard Disk မှာဆိုရင် Data Read or Write လုပ်နေရင်း Power Off တာ Hard Disk ကို တိုက်မိတာ ပြုတ်ကျတာ။

NAND Flash Wearout 

    NAND Flash ထဲမှာ Erase Cycle လုပ်နိုင်တဲ့ Limit ပြည့်သွားရင် Bad Block ဖြစ်လာပါတယ်။ SSD တွေမှာ Data တွေကို Erase  လုပ်နိုင်တဲ့ Cycle Limit ရှိပါတယ်။ SSD အမျိုးအစားအလိုက် Cycle Limit ကတူမှာမဟုတ်ပါဘူး။ Cycle Count ကို Storage စစ်တဲ့ Tools တွေနဲ့အလွယ်တကူစစ်နိုင်ပါတယ်။ 

Poor NAND Chips

ဈေးပေါတဲ့ Chips  တွေသုံးထားရင် Bad Block ဖြစ်နိုင်ချေပိုများပါတယ်။ ဈေးပေါတဲ့ SSD တွေက QC Passed မဖြစ်တဲ့ SSD တွေနဲ Poor NAND Chip နဲ့လုပ်ထားတဲ့ SSD တွေဖြစ်ဖို့ပိုများပါတယ်။   SSD ပျက်ရင် အထဲမှာရှိတဲ့ ကိုယ့်တန်ဖိုးကြီး Data တွေလဲပျက်စီးနိုင်ပါတယ်။

Download SSD Structure & SSD Forensics Guide 

Comments

Popular posts from this blog

B-Trees (NTFS)

NTFS Index Attributes

eCDFP (Module-6) (Window Forensics) (Part - 1 )