Posts

Showing posts from December, 2024

Mobile Forensics (Note-1)

Image
 APPLE (iPhone) ဖုန်းများကို စစ်ဆေးခြင်း  (လိုတိုရှင်း) ဖုန်းထဲမှ အချက်အလက်များကို ရယူခြင်း (Acquisition) နည်းလမ်းများ  Manual Acquisition  Manual Acquisition နည်းလမ်းကတော့ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ဥပမာ ကောင်မလေးက ကောင်ကလေးရဲ့ ဖုန်းကိုယူစစ်သလိုမျိုးဖြစ်ပါတယ်။ ဒါက အလွယ်တစ်ကူ စစ်‌ဆေးနိုင်သလို တစ်ဖက်ကလဲ အလွယ်တကူ  Evidence ကို သိုဝှက်ထားတာ‌တွေ-ဖျောက်ဖျက်တာ‌တွေပြုလုပ်နိုင်ပါတယ်။ ဥပမာ။ Messenger ဆိုရင် Archive လုပ်ပြီး Chat List ကိုဖျောက်ထားသလိုပေါ့။ 😅 ပြည်ပမှာရော ဒီလို Manual နည်းနဲ့စစ်လားဆိုရင် စစ်ဆေးပါတယ်။ ဥပမာ Mobile Forensics Tools မှာ Camera တပ်ပြီး ဖုန်းမှာရှိတဲ့ အချက်အလက်တွေကို ရိုက်ယူတာ ဖြစ်ပါတယ်။ Logical Acquisition  Logical Acquisition နည်းလမ်းကတော့ ဖုန်းက Unlock ဖြစ်နေတဲ့ အချိန်။ ဖုန်းရဲ့ Passcode ကိုသိနေတဲ့ အချိန်မှာပြုလုပ်တာဖြစ်ပါတယ်။ လက်ရှိစာရေးတဲ့ အချိန်မှာ Apple Phone တွေကို Acquisition လုပ်ရာမှာ Logical နည်းလမ်းက အသုံးအပြုဆုံး နည်းလမ်းဖြစ်ပါတယ်။  Apple Device တွေမှာပါတဲ့ Apple File Connection (AFC) Protocol ကိုအသုံးပြုပါတယ်။ AFC ကို မသု...