Mobile Forensics (Note - 2)
ကျွန်တော်တို့ Phone ကို Analysis လုပ်ရင် အများဆုံးလုပ်တာက Call logs, SMS, Photo, Video, Social Media Contents, Social Media Message စသည်ဖြင့် ဒါတွေပဲများမယ်ထင်ပါတယ်။ လူတိုင်းအလိုချင်ဆုံးကတော့ Deleted Call Logs, Deleted SMS, Deleted Social Media Message နဲ့ Deleted Photo & Video ဖြစ်မှာပါ။ Deleted Call Logs, Deleted SMS, Deleted Social Media Message နဲ့ Deleted Photo & Video က Note (1) မှာရေးခဲ့တဲ့ Phone Model, Phone Specification အပေါ်မူတည်ပြီး ရယူနိုင်တဲ့ Data ပမာဏ မတူညီနိုင်ပါ။ ပြီးရင် ဖုန်းထဲက ပုံတွေစာတွေလိုပဲ အရေးကြီးတာက System Artifacts တွေဖြစ်ပါတယ်။ အခုစာရေးသားနေတဲ့အချိန်မှာ Android 14 ကို Android ဖုန်းတော်တော်များများက အသုံးပြုနေကြပါပြီ။ အချို့ဖုန်းတွေကတော့ Android 13 ဖြစ်မှာပါ။ Android Phone ကိုမှ Xiaomi ဆိုရင် Android OS ကိုမှ MIUI , Samsung ဆိုရင် Knox/ One UI , Huwaei ဆိုရင် Harmony OS. ပိုပြီးပြည့်စုံအောင် အောက်မှာ ဇယားလေးထည့်ထားပါတယ်။ IOS ကတော့ အရှင်းဆုံးဖြစ်ပါတ...